Could u ?!

August 9, 2009 at 5:07 am (poems)

Could u b the one 4 me?

Could u b my find?

Could it b, after all this time..

Fate is going to b kind?


Could u b the one 4 me?

The one 2 help me 4get..

The man that broke my heart, my soul

The man that haunts me yet.


U tell me that, i’m beautiful

Sth i’ve never heard

But the one still lives here in my mind

That couldn’t spare kind mind.


It’s going to b hard to 4get

N pick up the piece he left

Could u b the one to teach..

How to love again n 4get?


Could u b the one 2 come

N mend my broken heart?

R u willing 2 piece 2gether

what another broke apart?


It won’t b an easy job, u c

my road has been long n rough

N the heart that was once so soft..

is now shut, locked & tough.


But i can feel my heart open again

It’s opening 4 u

Must come in n love me back

That’s all u have to do.


i must ask u 1 small thing

B4 we kiss n part

Plz b nice n kind 2 me

Coz i’m tired of broken heart…



Permalink Leave a Comment

Conversation of body pieces

August 9, 2009 at 3:21 am (Love Stories)

တိတ်ဆိတ်နေတဲ့ အခန်းငယ်လေးထဲမှာ. . . နက်ရှိုင်းတဲ့ နေရာကလာနေတဲ့ ရှိုက်သံလေးတစ်သံ သဲ့သဲ့ကြားနေရတယ်. . . . . .

Brain : ဟေ့ ဘယ်သူပါလိမ့် ငိုနေတာ. . . သြော် Heart ကိုး။ ဘာဖြစ်ရပြန်တာလဲ????
Heart : နာကျင်လွန်းလို့ပါ . . .
Eye : နင်နာကျင်တာကို သက်သာအောင် ပေါက်ကွဲပေးရလွန်းလို့ ငါ့မှာ မျက်ရည်မကျန်တော့ဘူး . . .
အင်း ငါ မြင်တာတွေ မှားချင်မှားနေမှာပါ. . . ။
Ear : အင်း . . . မငိုပါနဲ့တော့. . . ငါကြားတာတွေကလည်း မှားချင်မှားနေမှာပါ . .
Heart : ငါလေ အကြိမ်ကြိမ် နာကျင်ခဲ့ရတာ . . . နှစ်ပေါင်းများစွာ . . . ချစ်ခင် နားလည်ပေးခဲ့ အရှုံးပေးခဲ့
ခွင့်လွှတ်ခဲ့ပြီး မျှော်လင့်ခြင်းတွေကို သံယောဇဉ်တွေနဲ့ တည်ပြီး နာကျင်မှုတွေကို မေ့ထားနိုင်ဖို့
အရမ်းကို ကြိုးစားခဲ့တာ. . . သူအသိဆုံးပါ. . . ။
Brain : ငါပြောမယ် . . .မေ့လိုက်တော့ . . ဒါနင့်အတွက် အကောင်းဆုံးပဲ . . ။
Lips : ငါပြောလိုက်ရမလား (Heart ထံမှ အဖြေ စကားပြန်ကို မကြားရသဖြင့် ဘာမှ မပြောတော့ဘဲ
တင်းတင်းစေ့ပြီး ငြိမ်သက်နေသည်)
Brain : ဟာ. . ဒီအတိုင်း ဘာမှ မပြောဘဲ နေလို့ လုံးဝမဖြစ်ဘူး။ Hand … Email ပို့လိုက်စမ်းပါကွာ. . .။
အားရပါးရ ပြောပစ်လိုက်. . . ။
Hands : OK ! (သူက gmail ဖွင့်ပြီးစာရိုက်လိုက်တယ်. . . ပြီးခါနီးမှာ. . . )
Heart : မလုပ်ပါနဲ့ ငါ သေသွားလိုက်မယ်. . . ။
Brain : အိုး ငါရှိတာပဲ. . .။
Heart : ဒါပေမယ့် . . .ဒါပေမယ့် . . .Heart ခမျာ ပြောမထွက်နိုင်အောင် အသံတိမ်ဝင်သွားခဲ့တဲ့
နောက်မှာ. . . ။
ဘာမှ မပြောဘဲ ငြိမ်ပြီးနားထောင်နေခဲ့တဲ့ Nose ဆီက သက်ပျင်းချသံသဲ့သဲ့နဲ့အတူ Hand ဟာ သူရိုက်ထားတဲ့ Mail ကို save လုပ်လိုက်တယ်. . . ။Eye က မျက်လွှာနှစ်ခုကို ဖိမှိတ်လိုက်၇င်း ဝေ့သီနေတဲ့ မျက်ရည်စလေးတွေကို ချွေချလိုက်တဲ့နောက် . . . အခန်းလေးဟာလည်း ဘာသံမှ မကြားအောင် ဆိတ်ငြိမ်သွားခဲ့ပါတယ်. . . ။

Permalink 1 Comment

Don’t laugh at a killer clown .. Episode 1

August 7, 2009 at 11:47 am (Horror Stories)

ချွေးများ ရွှဲနစ်လျက် ကျွန်တော် ရုတ်တရက် အိပ်ရာမှနိုးသွားသည်။ ဓားတစ်ချောင်းက ကျွန်တော့်ဦးခေါင်းအထက် လေထဲတွင် လွှဲခုတ်နေသည်။

မနှစ်မြို့ဖွယ်ကောင်းသော ရယ်မောသံက ကျွန်တော့်နားထဲတွင် ပဲ့တင်ထပ်နေသည်။ အနီရောင်ကိုယ်လုံးတစ်ခုက ကျွန်တော် ထိတ်လန့်နေသည်ကို သဘောကျနေသည်။ ကျွန်တော် အော်ဟစ်ဖို့ ကြိုးစားသည်။ သို့သော် ကျွန်တော်လည်ချောင်းက တင်းကြပ်၍ ပိတ်နေသည်။ ခေါင်းအုံးကို ကျွန်တော်မျက်နှာပေါ် ဆွဲအုပ်လိုက်သည်။ ခြေထောက်နှစ်ဖက်ဖြင့် ကျွန်တော် အကြောက်အကန် ကန်ကျောက်သည်။

`ချလွမ်´

ကျွန်တော့် နှိုးစက်နာရီ ကြမ်းပြင်ပေါ်ကျသွားသည်။ ကျွန်တော် အိပ်ရာထက်တွင် ရှိနေပြီး.. ဤမကောင်းဆိုးဝါးနီနီ အရာကလေးက ကျွန်တော်ကို သတ်ဖြတ်ရန် ကြိုးစားနေသည်။ ထို့နောက်တွင် ထိုအိပ်မက်ကို ကျွန်တော် အမြဲမက်မက်နေတတ်သည်။

ကျွန်တော် ထထိုင်လိုက်ပြီး မျက်နှာမှ ချွေးများကို သုတ်ပစ်ကာ မီးဖွင့်လိုက်သည်။ အခန်းထဲကို ကျွန်တော် လှည့်ပတ်ကြည့်သည်။ အနေအထား ပုံမှန်အတိုင်း ရှိနေသည်။ အခန်းထဲတွင် ကျွန်တော်မှလွဲ၍ မည်သူမှ မရှိပါ။ အနီရောင်ကိုယ်လုံးရှိသော လူသတ်သမားလည်း မရှိပါ။ လွှဲခုတ်နေသော ဓားလည်း မရှိပါ။ ဘာမှ မရှိပါ။

ထို့ကြောင့် ကျွန်တော် ဘာအိပ်မက်တွေ မက်နေတာလဲ။

သင်တို့ကို ကျွန်တော် ပြောပြပါမည်။ ကျွန်တော်မွေးနေ့ အတွက် တစ်စုံတစ်ယောက် ပို့ပေးလိုက်သော ထူးဆန်းသည့် အနီရောင် အရုပ်ကလေးအကြောင်း မက်ခြင်းပင် ဖြစ်သည်။ ထိုအရုပ်သည် အန္တရာယ်မရှိသော ကစားစရာအရုပ် ဖြစ်သည်ဟု သင်ထင်လျှင် ထပ်စဉ်းစားလိုက်ပါဦး။ အရမ်းထူးဆန်းပြီး အန္တရာယ် ရှိသော

လူရွှင်တော်ရုပ်တစ်ရုပ်ကို ကျွန်တော်တွေ့ကတည်းက သူ့ကို ကြောက်မိနေသည်။

ကျွန်တော်နာမည်က ချန်ယယန်းပါ။ ကျွန်တော်သည် ၁၀နှစ် အရွယ်ရှိသော အခြားကောင်လေးများကဲ့သို့သာ ဖြစ်ပါသည်။ တစ္ဆေပုံပြင်များကို ကျွန်တော်ဖတ်ချင်ပါသည်။ သို့သော် တကယ့်သရဲအစစ်ကိုတော့ ကျွန်တော်ဘယ်တော့မှ မတွေ့ချင်ပါ။ အစားအစာများကို ကျွန်တော် သဘောကျသည်။ ဆရာများ ဆူပူမည်ကို ကျွန်တော် မုန်းသည်။ ပြီးတော့ ကျွန်တော် အမြဲတမ်း ပိုက်ဆံပြတ်နေတတ်သည်။ သို့သော် မည်သည့်အရာက ကျွန်တော့်ကို ထိုမျှ ကြောက်လန့်စေသနည်း။

၎င်းတို့အားလုံးက ကျွန်တော် ၁၀နှစ်မြောက်မွေးနေ့အပြီး နောက်တစ်နေ့တွင် ဖြစ်ခဲ့သည်။ တစ်စုံတစ်ရာ ပြုတ်ကျသကဲ့သို့ ကျယ်လောင်သော အသံတသံကို ကျွန်တော် ကြားလိုက်ရသောကြောင့် မနက်စောစောအချိန်တွင် အိမ်ရှေ့တံခါးကို ကျွန်တော်ဖွင့်လိုက်သည်။ အပြင်ဘက်တွင် ကြီးမားသော ပါဆယ်အထုပ်ကြီးတစ်ထုပ် ရှိနေသည်။ ကျွန်တော် လှည့်ပတ်ကြည့်လိုက်သည်။ ဘယ်သူကိုမှ မမြင်ရပါ။ ထိုကဲ့သို့ ကြီးမားလှသော လက်ဆောင်ကို မည်သူပေးမည်နည်းဟု စဉ်းစားလျက် ထိုအထုပ်ကြီးကို အိမ်ထဲသို့ ကျွန်တော် သယ်လာသည်။

ကျွန်တော်မိဘများ အိပ်နေကြသည်။ ထို့ကြောင့် ပါဆယ်ထုပ်ကို ကျွန်တော့် အခန်းထဲသို့ ယူသွားပြီး ဖွင့်ကြည့်လိုက်သည်။ ဘူးထဲတွင် အမည်မပါသော စာအိတ်တစ်အိတ်ရှိပြီး ၄င်းအတွင်း လူရွှင်တော်နှင့်တူသော ရုပ်သေးရုပ်ကြီး တစ်ရုပ်ရှိနေသည်။        ၄င်းက အနီရောင် ရုပ်သေးရုပ်ဝတ်စုံကို ၀တ်ထားပြီး လူရွှင်တော် ဦးထုပ်တစ်လုံးကို ဆောင်းထားသည်။   ၄င်းတွင် ကြီးမားသော အနီရောင်လူရွှင်တော် နှာခေါင်းကြီးရှိသည်။   ကျွန်တော် မရယ်ဘဲ မနေနိုင်ပါ။  အရုပ်က တကယ့်ကို ရယ်စရာကောင်းနေသည်။

အရုပ်ကို ကျွန်တော် လျှို့ဝှက်ထားရန် ဆုံးဖြတ်လိုက်သည်။ အရုပ်နှင့် ပတ်သတ်၍ မေမေ တစ်ခုခု တွေ့မြင်သွားမည်ကို ကျွန်တော် မလိုချင်ပါ။ သူတွေ့သွားလျှင် အရုပ်ကို ကျွန်တော် ယူထားခွင့် ပြုမည် မဟုတ်သည်ကို ကျွန်တော် သိသည်။    လူကြီးများ မည်သို့ လုပ်တတ်ကြသည်ကို သင် သိပါလိမ့်မည်။ အရုပ်ကြောင့် ကျွန်တော် စာကြည့်ပျက်မည်ဟု သူ ထင်ပေလိမ့်မည်။   ကျွန်တော် ငြင်းဆန်လျှင် ရက်သတ္တပတ်ပေါင်းများစွာ ကျွန်တော် မပြင်ထွက် ကစားရတော့မည် မဟုတ်ပါ။

Permalink 1 Comment

! ?? !!

August 2, 2009 at 2:53 pm (poems)

“သူခိုး”လို့ အော်ရင် ရပေမဲ့ ..

ခိုးတဲ့သူရဲ့ .. သိက္ခာအတွက် ..

“ပျော်ရွှင်ပါစေ” လို့ပြောဖူးတဲ့ ..

ပိုင်ရှင် ငါဖြစ်ခဲ့.. ။ .. ။

၂သက်လောက်ချစ်မယ် ဆိုပြီး ..

၂ရက်လောက်နဲ့ ပျောက်အသွားမှာ ..

နောက်ကားပေါ်တက်ထိုင်တဲ့ ရည်းစား ..

သူပြောခဲ့တဲ့စကား ..

မုသားတွေပါလို့ ငါမပြောရက်ခဲ့ဘူး .. ။ .. ။

ကဲပါလေ..

အရှူံးတွေနဲ့ နာကျင်ခြင်းတွေ ..

သိမ်းကျူံးပြီး ယူသွားပါ့မယ် ..

အပြုံးနဲ့ နေခဲ့ကျပေါ့ .. ။ .. ။

၁ခါမှ မသုံးဖူးတဲ့ ..

“မုန်းတယ်” ဆိုတဲ့ စကား ..

၁ယောက်တည်း ကြားသာရုံ ရေရွတ်ရင်း ..

နောက်ဆုံးတော့ ..

အမုန်းစာရင်းမှာ ..

၁လုံးချင်းရေးမိတာက ..

ငါ့နာမည်ပါပဲ .. ။ .. ။ .. ။

Permalink 2 Comments

own tune လို့ပြောရင် ယုံပမလား မသိ .. ဟိဟိ

July 31, 2009 at 3:01 pm (poems)

လှောင်အိမ်ထဲက .. ငှက်လေးတကောင် ..

အိမ်မက်တွေအပြည့်နဲ့ .. တံခါးဝလေးပွင့်မဲ့ရက်ကို .. အမြဲတမ်းစောင့်မျှော်နေတတ်တယ် ..

တံခါးလေးပွင့်သွားတဲ့အခါ ..

ဘယ်တော့မှ ပြန်မလာနိုင်မဲ့ .. ဘယ်သူမှလည်း လိုက်မလာနိုင်မဲ့ နေရာကို .. ပျံသန်းသွားမှာပေါ့ ..

မျှော်လင့်ချက်တွေနဲ့ ငါ ..

အဲ့ဒီနေရာလေးကို ရောက်ဖို့ .. ဇာတ်ညွှန်းရေးနေတာ ..

အားလုံးက အံ့အားသင့်ကြတယ်တဲ့ ..

ဘယ်သူမှ မသွားချင်တဲ့ နေရာကိုး ..

ဒါပေမဲ့ .. ငါသွားချင်တယ်လေ ..

ဘာဖြစ်လို့လဲ ဆိုတော့ ..

ငါ့အသက်ထက် ချစ်ခဲ့ရတဲ့ မင်းရဲ့အနားကို .. အမြန်ဆုံးရောက်ဖို့ ..

အဲ့ဒီနေရာလေးမှာပဲ .. မှတ်တိုင်ရှိမယ် .. ထင်လို့ပါ .. .. ..

#frozenprincesslay#

Permalink 3 Comments

the first post

July 28, 2009 at 3:55 pm (Uncategorized)

well, i just don’t know what to write at all!!

i think i could share the poems with u , guys
i have a lot of poems .. received n read .. wanna know more ..??
just wait for a while .. n after i finished my exams, they’ll b right here !!

come visited again n again .. welcome everybody !!

Permalink 1 Comment